More Than Blue 2009


 

(Unicode)
More Than Blue (2009) မြန်မာစာတန်းထိုး
ဒီဇာတ်ကားရဲ့ အင်္ဂလိပ်နာမည်ကတော့ More Than Blue ဖြစ်ပြီး ကိုရီးယားနာမည်ကိုပြန်မယ်ဆိုရင် A story Sadder Than Sadnessပါ။ နာမည်နဲ့လိုက်အောင် ဝမ်းနည်းဖို့ကောင်းတဲ့ အချစ်ကားပေါ။ အရမ်းနာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားမှာ ကိုရီးယားနာမည်ကြီးမင်းသားဖြစ်တဲ့ Kwon Sang Woo(အချစ်လှေကားထစ်လေးမျာ)က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Lee Bo Youngပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရေဒီယိုအစီအစဉ်ရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့Kက သူနဲ့အတူနေသူငယ်ချင်းCreamကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် Kက သူ့မှာကင်ဆာရောဂါရှိနေတဲ့အတွက် သူ့အချစ်တွေကို ဖွင့်မပြောခဲ့ပါဘူး။ ပြီးတော့ သူသေသွားတဲ့အခါမှာ မိဘဆွေမျိုးတွေမရှိတဲ့ Creamကို တစ်ယောက်တည်းထားခဲ့ရမှာ စိုးရိမ်တဲ့အတွက် Creamအတွက် လက်ထပ်ရမယ့်သူကို ရှာပေးခဲ့ပါတယ်။ Creamသဘောကျတဲ့ ဆရာဝန်တစ်ယောက်နဲ့တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်မယ် ဘယ်လိုဝမ်းနည်းစရာတွေကြုံမယ်ဆိုတာ ကြည့်လိုက်ပါဦး။ “နောက်ထပ်ဆက်ပြီး အသက်ရှင်သန်ခွင့်သာရမယ်ဆိုရင် လက်စွပ်တစ်ကွင်း၊ ကော်ဖီခွက်တစ်စုံ၊ အိပ်ယာတစ်လုံး၊ ဒိုင်ယာရီစာအုပ်တစ်အုပ်…. ” အချစ်ကားစစ်စစ်ကို နှစ်သက်တဲ့သူဆိုရင် ဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ…

(Zawgyi)
 


Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201