Six Flying Dragons 2015
Six Flying Dragons (2015-2016) မြန်မာစာတန်းထိုး
IMDb 8.9/10 ရာဇဝင်ကားကောင်းကြိုက်သူတွေအတွက် ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဇာတ်ရှိန်တက်စွာကြည့်ရမယ့် စီးရီးတစ်ခုကိုစေတနာနဲ့ တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းပိုင်းရော သရုပ်ဆောင်တွေပါ ထူးချွန်ဆုတွေ တသီကြီးရခဲ့တဲ့ ကားပါ ရုပ်မြင်သံကြားမှာ ပြည်တော်သစ်ဆီသို့ အမည်နဲ့ ထုတ်လွှင့်ဖူးပြီး အပိုင်း ၅၀ရှိပါတယ်တခြားသောကားတွေလို အချစ် အလွမ်းတွေ သိပ်မပါဘဲခေတ်ဟောင်းစနစ်ဆိုးကို ပယ်ဖျက်ပြီး ခေတ်သစ် စနစ်သစ်ကို တည်ထောင်ဖို့ သူ့နေရာနဲ့သူ ကြိုးပမ်းခဲ့ပုံတွေ ခေတ်စနစ်တစ်ခုရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မီးမောင်းထိုးပြပြီး ရိုက်ကူးထားတာပါ အဓိကဇာတ်ဆောင်ခြောက်ဦးနဲ့ ဇာတ်ပို့ဇာတ်ရံတွေ ဇာတ်လမ်းအလှည့်အပြောင်းတွေ အများကြီး ပါလို့ ဇာတ်လမ်းအစမှာတော့ အနည်းငယ်ရှုပ်ထွေးသလိုပေမယ့်လေးငါးပိုင်းလောက်ကြည့်ပြီးရင်တော့ စွဲသွားပါလိမ့်မယ်***ဇာတ်လမ်းအကျဉ်းကတော့ ဂိုလျောခေတ်နှောင်းပိုင်း ဘုရင့်ဩဇာအာဏာကျဆင်းပြီး အမတ်ကြီးတွေ ကိုယ်ကျိုးအတွက်ပဲ သူတစ်လူငါတစ်မင်း အုပ်စိုးနေချိန်မှာ ဂိုလျောကိုအဆုံးသတ်ပြီး ဂျိုဆွန်းဆိုတဲ့ တိုင်းပြည်သစ် စနစ်သစ် တည်ထောင်ဖို့ ဆန်ဘုန်း ဂျန်ဒိုဂျွန်းက ကြံစည်ခဲ့ပါတယ်တိုင်းပြည်သစ်ရဲ့ ဘုရင်အဖြစ်ဖြောင့်မတ်မှန်ကန်တဲ့ စစ်သူကြီး ရီဆောင်ဂယ်ကို ဆန်ဘုန်းက တင်မြှောက်ရန် ကြံပါတယ် စစ်သူကြီးက သစ္စာဖောက်မဖြစ်ချင်တဲ့အတွက်ဘုရင် အဖြစ် မခံယူချင်ပါဘူး ဆန်ဘုန်းကိုလေးစားအားကျလို့ အကြံကို အပြည့်အဝထောက်ခံပြီး တိုင်းပြည်သစ် တည်ထောင်ဖို့ ကူညီပေးတဲ့သူက ရီဆောင်ဂယ်ရဲ့ သားတစ်ဦးဖြစ်တဲ့ ရီဘန်ဝန်းပါ ရီိဘန်ဝန်းရဲ့ ငယ်ချစ်ဦး ဘွန်ရီ အတော်ဆုံးဓားသမား ဖြစ်လာတဲ့ ဘွန်ရီ့အကို လီဘန်ဂျီခွန်အားကြီးတဲ့သိုင်းသမားလေး မူဟို တို့ကပါ ကျရာတာဝန်ကို ပါဝင်ကူညီကြပါတယ် သူတို့တွေ အာဏာရှိအမတ်တွေကိုနိုင်အောင်ဘယ်လိုရင်ဆိုင် ဖြေရှင်း ကြိုးစားမလဲ တိုင်းပြည်သစ်တည်ထောင်ဖို့ ဘယ်လို အခက်အခဲ အလှည့်အပြောင်းတွေ တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအဖြစ်မြန်မာပရိတ်သတ်နဲ့ မစိမ်းလှတဲ့ နာမည်ကျော်များဖြစ်တဲ့ Yoo Ah In, Kim Myung Min, Shin Se Kyung, Byun Yo Han, Yoon Kyung Sang, Chun Ho Jin တို့မှ ပါဝင်ထားပါတယ် ကြည့်ရှုအားပေးကြပါဦး
Reviewed by Cai Qiu Ling
Translated by Cai Qiu Ling
Encoded by Win Kyaw Thu
Comments
Post a Comment