Annabelle: Creation 2017


 အမေရိကန် ထိတ်လန့်ဖွယ်ဇာတ်ကား Annabelle Creation စတင်ပြသတဲ့ သြဂုတ်လထဲမှာပဲ ၀င်ငွေ အမေရိကန်ဒေါ်လာ ၉၉ သန်းကျော်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို သြဂုတ်လ ၁၁ ရက်က အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ကြာမြင့်ချိန် ၂ နာရီနီးပါးရှိပါတယ်။ စတင်ပြသချိန်မှာပဲ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့မှာ အမေရိကန်ဒေါ်လာ ၄၆ သန်း ၊ တခြားနိုင်ငံတွေမှာ အမေရိကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားကို တောင်ကိုရီးယား ၊ ရုရှား ၊ ဗြိတိန် ၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတွေမှာလည်း ပြသနေသလို မြန်မာနိုင်ငံမှာလည်း သြဂုတ်လ ၁၈ ရက်က စတင်ကာ ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၀ိညာဉ်ပူးကပ်နေတဲ့အရုပ်တစ်ရုပ်ကို အခြေတည်ကာ ထိတ်လန့် ၊ ကြောက်ရွံ့ဖွယ် ရိုက်ကူး ထားတာဖြစ်ပါတယ်။
အိမ်ကြီးတစ်အိမ်ကို ရောက်ရှိလာတဲ့ မိန်းကလေးငယ်တွေ ကြောက်လန့်ဖွယ်ရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရပုံတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို Gary Dauberman က ရေးသားထားတာဖြစ်ပြီး ရိုက်ကူးတဲ့ဒါရိုက်တာကတော့ David F.Sandberg ဖြစ်ပါတယ်။ အဓိကပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Stephanie Sigman ၊ Talitha Bateman ၊ Anthony LaPaglia ၊ Miranda Otto တို့ဖြစ်ပါတယ်​။
စနေတနင်္ဂနွေပိတ်ရက်လေးမှာ Annabelle လေးနဲ့ အပန်းဖြေနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။
ညဘက်မှ ကြည့်ရင် ပိုဖီးလ်လို့ကောင်းပါတယ်ခင်မျ...

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201