The Battleship Island 2017


 ကိုရီးယားရဲ့ စံချိန်တင် ဝင်ငွေချိုးခဲ့သလို အကောင်းဆုံးဇာတ်ကားအနေနဲ့လည်း မှတ်တမ်းတင်ခံထားရတဲ့ဇာတ်ကားလေးပါ။ မင်းသားကြီးတွေဖြစ်တဲ့  Hwang Jung Min, So Ji sub တိုနဲ့အတူ Song Joong Ki အဓိကပါဝင်ထားပြီး မင်းသမီး Lee Jung Jyunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

မင်းသားတွေကြောင့် နာမည်ကျော်တာမဟုတ်ဘဲ ဇာတ်ဆောင်အားလုံး  ဒီဇာတ်ကားကို အနောက်နိုင်ငံ ဈေးကွက်အထိပါ ဖြန့်ချီနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၃ နိုင်ငံမှာ ရုံတင်ပြသတဲ့အထိကို အောင်မြင်ခဲ့တဲ့ ကိုးရီးယား ဇာတ်ကားကောင်း။ ဘတ်ဂျတ် USD ၂၁ သိန်းအထိ အသုံးပြု ရိုက်ကူးခဲ့ပြီး ပထမဆုံးရုံတင်ရက် ၅ ရက်အတွင်းကို အရင်းကျေခဲ့တဲ့ကားလေးပါ။  ဒီဇာတ်လမ်းကို ဟိုး ၁၉၄၅ ကိုလိုနီခေတ် ကိုးရီးယား ဂျပန်လက်အောက်ကို ကျရောက်စဉ်အခါက ဖြစ်ရပ်မှန်လေးတစ်ခုပေါ် အခြေတည်ပြီး ရိုက်ကူးထားပါတယ်။

          အဲဒါကတော့ Battleship Island လို့ခေါ်တဲ့ ကျွန်းလေးတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးပါ။ အရင်ဦးဆုံး Battleship Island အကြောင်းလေး ပြောပြချင်ပါတယ်။ Battleship ဆိုတဲ့အတိုင်း ကျွန်းပုံစံက စစ်သင်္ဘောတစ်စင်းလို ပုံစံမျိုး တည်ရှိပါတယ်။ သူရဲ့အဓိက အချက်ကတော့ ပင်လယ်ရေအောက် ကျောက်မီးသွေးထွက်တဲ့ ကျွန်းလေးပါ။ ဒီကျွန်းဟာ ဂျပန်နိုင်ငံ စက်မှုတော်လှန်ရေးအတွက် အဓိကအရေးပါ အရောက်တဲ့နေရာက ပါဝင်ခဲ့သလို ကိုးရီးယားအလုပ်သမားတွေကို မတရားညှင်းပန်းနှိပ်စက်ခဲ့လို့ ဂျပန်တွေအတွက် သမိုင်းဝင် အမဲစက်တစ်ခုဆိုရင်လည်း မမှားပါဘူး။ 

အဲဒီကျွန်းမှာ အဓိက ကျောက်မီးသွေးတူးဖော်တာကို Mitsubishi ကုမ္ပဏီက အဓိကလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကျွန်းရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ကျောက်မီးသွေးထုတ်တော့ ကျွန်းနဲ့မမျှအောင် လူနေထူထပ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်ကတည်းကို ကျွန်းပေါ်မှာ  အဲဒီကျွန်းကထွက်တဲ့ အုတ်နဲ့ပြန်ဆောက်တဲ့ အထပ်မြင့်တိုက်ခန်းတွေ အရင်ခေတ်ကတည်းကရှိနေခဲ့ပြီး ကမ္ဘာ့လူနေအထူထပ်ဆုံးနေရာဖြစ်ခဲ့ဖူးပါတယ်။ 

နောက်ပိုင်း ကျောက်မီးသွေးအထွက်နှုန်းလည်းကျပြီး မုန်တိုင်းဒဏ်ကြောင့် လူမနေတော့တဲ့ကျွန်းဖြစ်သွားပါတယ်။ အဲဒီကျောက်မီးသွေးတွင်း အလုပ်သမားနေခဲ့တဲ့ နေရာကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ UNSCO အသိအမှတ်ပြုနေရာလေးပါ။          ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီကျွန်းပေါ်မှာ ပင်လယ်ကြမ်းပြင်အောက်ကိုဖောက်ပြီး ကျောက်မီးသွေးတွင်းတူးတဲ့ မိုင်းတွင်းလုပ်ငန်းတွေရှိပါတယ်။ 

ဒီအလုပ်တွေ ပင်ပန်းဆင်းရဲခက်ခဲတာမို့ ဂျပန်တွေက ကိုးရီးယားအလုပ်သမားတွေကို လိမ်ညာခေါ်ပြီး အတင်းအကြပ်ကျွန်ပြု ခိုင်းစေခဲ့ကြပါတယ်။ ကိုးရီးယားတွေရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူခေါင်းဆောင်တစ်ဦး ရှိပေမယ့်တစ်ဖက်လှည့်နဲ့သူက  ဂျပန်တွေဖက်ပါပြီး စည်းရုံးသိမ်းသွင်းထားတာကြောင့် ဒီအခက်အခဲက ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ကိုးရီးယားလွတ်မြောက်ရေးတပ်မတော်က ပက်မူယောင်း (ဆောင်းဂျွန်ဂီ) ဒီကို တမင်တကာလာရောက်ပြီး ကယ်ထုတ်ပေးတဲ့ ဇာတ်လမ်းလေးပါ။ 

အစကတော့ ဆောင်းဂျွန်ဂီကြောင့် ဒီဇာတ်ကားကိုကြည့်ဖြစ်တာဖြစ်ပေမယ့် တကယ်တမ်း ဇာတ်ဆောင်အားလုံးကောင်းနေပြီး ရိုက်ကူးရိုက်ကွက် စက်တင် အလင်းအမှောင် ဇာတ်လမ်းသွား ဘာမှပြောစရာမရှိအောင် ရိုက်ကူးထားတာမို့ အတော်လေး သဘောကျမိတဲ့ကားလေးပါ။ ဒီဇာတ်လမ်းမှာ အဓိက သင်ခန်းစာယူတတ်ဖို့ကတော့ မျက်စိဖွင့် နားဖွင့်ရှိပြီး အမြင်ကျယ်တယ်ဖို့လိုတယ်။ စွန့်လွှတ်အနစ်နာခံခြင်း နှင့် စုပေါင်းညီညွှတ်မှု ရှိမှ အောင်မြင်နိုင်မှာပါ။


G-Drive

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016