Real 2017


 Action Noir အမျိုးအစားပဲဖြစ်ပါတယ်...
F(x) အဖွဲ့ကSulli ပါဝင်ထားပြီးလက်ရှိရုံတင်ပြသနေတဲ့ REAL ရုပ်ရှင်ဇာတ်ကားဟာ
အရမ်းကိုလူစိတ်ဝင်စားမှု့မြင့်တက်နေပြီး
ကြည့်ရှုှုသူဦးရေ အရမ်းကိုများပြားနေတာကြောင့် Sulli ပြန်လည်မွေးဖွားလာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်...
သူနဲ့အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသားဟာလည်း Km SooHyun ဖြစ်တဲ့အတွက်ကြောင့်
အခုလိုမျိုးလူစိတ်ဝင်စားမှု့တွေအများကြီးရတာလည်းမဆန်းပါဘူး....
အချိန်တော်တော်များစွာပျောက်ဆုံးနေပြီးမှ Sulli ကို ဒီလိုဖန်သားပြင်မှာပြန်လည်မြင်တွေ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်....
ဒီဇာတ်ကားကိုကြည့်ရှု့သူဦးရေနဲ့ဝေဖန်သူဦးရေကလည်း များပြားနေပါတယ်...
အခုလိုဝေဖန်နေကြတဲ့ အကြောင်းကတော့ ဒီဇာတ်ကားကိုပိုပြီးနာမည်ကြီးစေတဲ့အချက်ဖြစ်တဲ့
18 + Scene တွေကြောင့်ပဲဖြစ်ပါတယ်..
REAL ဟာလိင်ဇာတ်ဝင်ခန်း မမြင်ရက်စရာသွေးထွက်သံယိုအခန်းများ မူးဆစ်ဆေးဝါးသုံးစွဲမှု့အခန်းများ
ကြမ်းတမ်းတဲ့အသုံးနှုန်းများကြောင့် လူအများရဲ့စိတ်ဝင်စားမှု့ကိုခံရတဲ့ကားလည်းဖြစ်ပါတယ်...
ဒီရုပ်ရှင်ဟာရိုက်ကူးရေးစလုပ်ကတည်းက ဒီလိုအခန်းတွေပါမယ်ဆိုပြီးကြိုတင်ကြေငြာခဲ့ပြီးမှရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်..
ဇာတ်ကားကိုရုံတင်ပြသတဲ့အချိန်မှာလည်း ဒီလိုအခန်းတွေပါဝင်ပါတယ်....
ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီး သရုပ်ဆောင်တွေဟာ
ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ပါတယ်....
ပရိတ်သတ်အများပြားရဲ့အားပေးမှု့တွေကို ကိုယ်စီရရှိထားကြသူများလည်းဖြစ်ကြပါတယ်....
ဒီရုပ်ရှင်ဇာတ်ကားဟာ Action Movie အမျိုးအစားဖြစ်ပြီးရုပ်ရှင်ဇာတ်ကားအစအဆုံးကို
ပါးစပ်အဟောင်းသားနဲ့ကြည့်ရမှာလည်းဖြစ်ပါတယ်....
ဒါကြောင့်လည်း 18+ ဆိုတာဇာတ်ကားကိုပိုပြီးအသက်ဝင်လာအောင်ထည့်သွင်းသရုပ်ဖော်ထားရုံမျှသာဖြစ်ပါတယ်.....
လူအပြောများနေတဲ့ 18+ Bed Scene ကို ရိုက်ကူးခဲ့တဲ့မင်းသားနဲ့မင်းသမီးဟာဆိုရင်ဖြင့်
နာမည်ကြီးသရုပ်ဆောင်များဖြစ်သည့်အပြင် International ဆန်ဆန်ခေတ်မှီပေါ်လွင်အောင်
ရိုက်ကူးထားတာဖြစ်လို့မိနစ်အနည်းငယ်လောက်သာပါဝင်ခြင်းဖြစ်ပါတယ်...
Sulli ဒီနေရာမှမဟုတ်ရင်လည်း တခြားမင်းသမီးတစ်ယောက်ကိုကမ်းလှမ်းမှာပါ...
ဒါရိုက်တာဖြစ်သူက Sulli နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့အတွက် တကူးတကကမ်းလှမ်းပြီး
Kim SooHyun ကလည်း Sulli နဲ့တွဲဖက်ရိုက်ကူးချင်တာကြောင့် လက်ခံရိုက်ကူးဖြစ်သွားတာလည်းဖြစ်ပါတယ်....
ဇာတ်ကားတစ်ကားလုံးမှာမှ အကုန်လုံးပေါင်း ၅ မိနစ်စာလောက်သာ Rated အခန်းပါဝင်သာဖြစ်ပါတယ်....
Rated အခန်းပါဝင်မယ်လို့ကြိုတင်ကြေငြာထားတာကြောင့် အရမ်းကြီးလည်း Serious ဖြစ်မနေသင့်ပါဘူး
ဒီကားဟာ Rated ကိုဦးစားပေးရိုက်ကူးထားတဲ့ဇာတ်ကားမဟုတ်ပဲ
တခြားကိုရီးယားကားတွေနဲ့မတူပဲအမြင်ဆန်းအောင် International ဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016