Rampage 2018


 အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။
မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။
တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။
ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။ဂျော့ခ်ျကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းက လေယာဉ်နဲ့ ဖမ်း ဆီးခေါ်ဆောင်သွားပေမယ့်
လေယာဉ်ကို ဖျက်ဆီးပြီး ဂျော့ခ်ျလွတ် မြောက်သွားသလို ရက်ဖ်ဆိုတဲ့ သန္ဓေပြောင်း ဝံပုလွေကြီးက လည်း သူ့ကိုလိုက်ဖမ်းတဲ့အဖွဲ့ကို အပြတ်ရှင်းပစ်ခဲ့ပါတယ်။အဲဒီနောက် ဂျော့ခ်ျနဲ့ ရက်ဖ် တို့ ပေါင်းမိပြီး ချီကာဂိုမြို့တော် ကို ဝင်ရောက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါတော့တယ်။
ပြဿနာက အဲဒီ မှာတင် မပြီးသေးပါဘူး။ ကုန်းပေါ်မှာ ဂျော့ခ်ျနဲ့ ရက်ဖ်တို့ တိုက် ခိုက်ဖျက်ဆီးနေသလို လစ်ဇီဆို တဲ့ သန္ဓေပြောင်း မိကျောင်းကြီး ရန်ကလည်း ထပ်ပေါ်လာပါတော့ တယ်။
ဒေးဗစ်နဲ့ ဒေါက်တာကိတ် ဟာ စိတ်ရိုင်းဝင်ပြီး တွေ့သမျှ အန္တရာယ်ပြုနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါ တယ်။
သန္ဓေပြောင်း သတ္တဝါတွေ က ဘယ်လိုတွေ ဒုက္ခပေးမှာလဲ၊ ဒေးဗစ်တို့ ယုံကြည်ထားသလို ဂျော့ခ်ျကို မူလအနေအထားဖြစ် အောင် ပြန်လုပ်နိုင်ပါ့မလားဆို တာကို အမိုက်စား အထူးပြုလုပ် ချက်တွေ၊ အက်ရှင်ပြကွက်တွေနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေ သဘောကျမှာပါ။
ပရိသတ်အချစ်တော် အက် ရှင်မင်းသားကြီး ဒဝိန်းဂျွန်ဆင်က အဓိက သရုပ်ဆောင်ထားတာဖြစ် ပြီး နာအိုမီဟားရစ္စ၊ မာလင်အ ကာမန်၊ ဂျက်ဖရီးဒင်းန်မော်ဂန်၊ ဂျိတ်ခ်လေစီ၊ ဂျိုးမန်ဂါနီလို စသူ တွေပါဝင်ထားပါတယ်။


Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016