Om Shanti Om 2007


 ဒီတစ်ခါတော့ မင်းသားကြီး Shah Rukh Khan ရဲ့

နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့

Om Shanti Om ရုပ်ရှင်ကို

တင်ဆက်ပေးလိုက်ပါတယ်…

Aankhon mein teri...

Ajab si, ajab si, adaayein hain…

ဟုတ်ပါတယ် ဒီသီချင်းလေးရဲ့မူလဇာစ်မြစ်ကတော့

ဟောဒီ Om Shanti Om ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ အမှတ်တရလေးတွေရှိခဲ့ပါတယ်။

တခြားတော့မဟုတ်ပါဘူး ဒီ Om Shanti Om က

နာမည်ကျော် Bollywood မင်းသမီး 

Deepika Padukone ရဲ့ ပထမဆုံးရုပ်ရှင်ကားပဲဖြစ်ပါတယ်။

ဟိုလွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် အိန္ဒိယရုပ်ရှင်လောကရဲ့

ဘုံဘေရုပ်ရှင်စတူရီယိုတွေဘက်မှာ မင်းသားအရမ်းဖြစ်ချင်နေတဲ့ Om Prakesh ဆိုတဲ့

လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။

Om ရဲ့ အခ်စ္ဆုံး သေဘာအက်ဆုံး

ရုပ်ရှင်မင်းသမီးတစ်ယောက်ရှိပါတယ်။ သူကတော့

Shantipriya ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။

ခင်ဗျားတို့သိတဲ့အတိုင်းပဲ မဖြစ်နိုင်တဲ့ဒီလောကကြီးက

တစ်ခါတစ်လေမှာ ထူးဆန်းတာလေးတွေ လုပ်ပေးတတ်တယ်မလား? 

အဲ့လိုပဲ ဘာမှမရှိနတ္ထိဘဝက ရုပ်ရှင်ကြမ်းပိုးလေး Om နဲ့

နာမည်ကြီးမင်းသမီးလေး Shanti တို့ကို ကံဇာတ်ဆရာက

အကွက်ဆန်းကလေးနဲ့ ဆုံစည်းပေးလိုက်သတဲ့…

ဒါပေမယ့်ဗျာ အပျော်တွေဆိုတာ ကြာကြာမခံသလို

မုန်တိုင်းမတိုက်ခင် လေငြိမ်တတ်သလိုပဲ Om ရဲ့

လှပတဲ့အိပ်မက်လေးကို ကံကြမ္မာမုန်တိုင်းတစ်ခု

တိုက်ခိုက်လို့လာတဲ့အခါမှာ

ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…

ဆုပေါင်း ၃၃ခုတောင်ရရှိခဲ့ပြီး ဝင်ငွေတွေ

အများကြီးရရှိခဲ့ပြီးတော့ အနုပညာအရရော

ဝင်ငွေအရပါ အောင်မြင်ခဲ့တဲ့ကားတစ်ကားလဲ ဖြစ်ပါတယ်။


G-Drive

Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Six Flying Dragons 2015