Ninja: Shadow of a Tear 2013
ပီးခဲ့တဲ့ Ninja (2009) မှာ Casey တစ်ယောက်
Masasuka ကို နှိမ်နင်းခဲ့နိုင်တာကို အားလုံးသိကြမှာပါ။
(မသိသေးပါက Ninja (2009) ကို ပြန်ကြည့်ပါ)
ဒီဇာတ်လမ်းဟာ Ninja (2009) ရဲ့ sequel ဖြစ်ပါတယ်။
ပထမကားမှာ happy ending နဲ့ အဆုံးသတ်ခဲ့ပေမယ့်
ခုဒုတိယကားမှာတော့ တော်တော်လေးကြေကွဲစရာပါပဲ။
Casey တစ်ယောက် Namiko နဲ့ လက်ထပ်ပြီး
Koga Dojo ကျောင်းကို ဆက်ခံခဲ့ပါတယ်။
ဇာတ်လမ်းတစ်ခုပြီးရင် နောက်တစ်ခုဆက်တယ်ဆိုတဲ့
စကားအတိုင်း တည်ငြိမ်နေတဲ့ Casey တို့ဘဝထဲကို
ကြမ္မာဆိုးကြီးတစ်ခုဝင်လာခဲ့ပါတယ်။
ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…
ဇာတ်လမ်းက ကြာချိန်နည်းတာမို့လို့
အများကြီးမညွှန်းတော့ပါဘူး။
R-rated အမျိုးအစားဖြစ်တာမို့လို့ action ခန်းတွေကို
အားပါးတရကြည့်ရှုရမှာဖြစ်တဲ့အပြင်
Ninja နဲ့ ဂျပန်ကိုယ်ခံပညာအကြောင်းကိုလည်း
ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Comments
Post a Comment