Enchanted 2007


 Enchatedကားလေးဟာဆိုရင် ဂန္ဒဝင်ဒဏ္ဍာရီဆန်ဆန်နတ်သမီးပုံပြင်လေးကနေ နည်းနည်းလေးသွေဖယ်ပြီး တစ်မူဆန်းသစ်ထားတဲ့ လက်ဖျားခါလောက်အောင်ကြည်နူးစရာကောင်းလွန်းတဲ့ ဇာတ်လေးလေးတစ်ခုလို့ဆိုရမှာပဲ ဖြစ်ပါတယ် ဒီကားလေးထဲမှာဆိုရင် ဒဏ္ဍာရီထဲက မင်းသမီးလေးဟာ ဆိုးသွမ်းလှတဲ့ ဘုရင်မကြီးရဲ့လက်ချက်ကြောင့်ကျွန်ုပ်တို့ ခုနေထိုင်တဲ့ကမ္ဘာကြီးထဲကနယူးယောက်မြို့  ဆီကို စေလွှတ်ခြင်းခံခဲ့ရပါတယ် သူမ ရောက်ရှိလာခဲ့ပြီး မကြာခင်မှာတော့ သူမဟာတခြားသူတွေနဲ့မတူဘဲတစ်မူထူးခြားနေတာကြောင့် သူမရဲ့ ဘဝနေထိုင်မှုကအစ စတင်ပြောင်းလဲဖို့ ကြိုးစားရပါတော့တယ် အဲ့ဒီ့နောက်ပိုင်းမှာ အရမ်းကိုစမတ်ကျလွန်းပြီး ခန့်ညားလှတဲ့ ရှေ့နေချောလေးနဲ့ တွေ့စုံခဲ့ရာကစလို့ ကြည်နူးစရာအချစ်တစ်ခု ဖြစ်ပေါ်လာတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ပြီးတော့ ဒီလိုမျိုး ဒဏ္ဍာရီဆန်တဲ့ ပုံပြင်ထဲက မင်းသမီးလေးနဲ့ ယနေ့မျက်မှောက်ခေတ်က ရှေ့နေလေးတို့ အချစ်ဟာ တကယ့်ကမ္ဘာထဲမှာ ရှင်သန်ကျန်ရစ်နေနိုင်မလားဆိုတာကတော့ မလွတ်တမ်း Downကြည့်မှဖြစ်မှာနော် အရမ်းကိုကြည်နူးစရာကောင်းပြီး တမူဆန်းသစ်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မှာ အသေချာပဲလို့ ပြောပါရစေရှင့်


Review by Chue Chue


G_Drive

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016