Born to Defence 1986


 ဂျက်လီရဲ့အကောင်းဆုံးတွေထဲက ဇာတ်ကားတစ်ကား
ကို အကောင်းဆုံး ကွာလတီနဲ့ တင်ဆက်ပေးလိုက်ပါ
တယ်
ဂျက်ဟာ စစ်ပြန်တစ်ဦးပါ စစ်ပွဲထဲမှာ ဂျပန်တွေကို အကောင်းဆုံး တိုက်ခိုက်ခဲ့တဲ့ စစ်ပြန်ကြီး တစ်ယောက်ပါ
တရုတ်ပြည်ကြီးဟာ စစ်ကြီးပြီးဆုံးသွားတဲ့အခါမှာ ဖရို
ဖရဲနဲ့ ကျန်ရစ်ခဲ့ပါတယ်
ဂျက်ဟာလည်း တရုတ်ပြည်ကို ပြန်လာပြီး သူ့ရဲ့မိတ်ဆွေဟောင်းလည်းဖြစ် အစ်ကိုလိုလည်းဖြစ်နေတဲ့ လက်ဖန်တင်နင်ရှောင်ကိုရှာဖို့ ထွက်လာခဲ့ပါတယ်
ဒါပေမဲ့ သူ့မိတ်ဆွေကတော့ စစ်ပြန်ဒုက္ခိတ ဘဝ ရောက်နေခဲ့ပါပြီ
ဒါကို တွေ့မိတဲ့ ဂျက်တစ်ယောက် သူ့မိတ်ဆွေကို လန်ချားဆွဲပြီး ရှာဖွေကျွေးမွေးပြီး အတူတူ နေလာခဲ့ကြပါတယ်
တစ်နေ့မှာတော့ ဂျက်ရဲ့လန်ချားလေးကို အမေရိကန်ရေတပ်မှ သဘောင်္သားတွေက ဖျက်ဆီးလိုက်ကြပါတယ်
ဒါကို မကျေနပ်တဲ့ ဂျက်ဟာ သဘောင်္သားတွေဆီက လျော်ကြေးတောင်းခံရမှစပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်
သဘောင်္သားတွေဟာ ဂျက်ရဲ့တိုက်ရည်ခိုက်ရည် ကောင်းမှုကြောင့် ဂျက်ကို မယှဉ်နိုင်ပဲ အညိုးအတေးထားခဲ့ကြပါတယ်
အမေရိကန်တွေဟာ ဂျက်ကို လက်စားချေဖို့အတွက် ဂျက်ရဲ့အစ်ကိုကြီး ရှောင်ရဲ့သမီးကို ပြန်ပေးဆွဲကြပါတော့တယ်
မတော်တဆ ထိုမိန်းကလေး သေဆုံးသွားတဲ့အခါမှာ
တော့ ဂျက်တစ်ယောက် လက်စားချေဖို့ လုပ်ပါတော့
တယ်
ဂျက်လီရဲ့ ငယ်ရွယ်ပြီး ကျွမ်းကျင်သေသပ်တဲ့
တိုက်ကွက်တွေကို ဒီဇတ်ကားမှာ မြင်တွေ့ရမှာပါ

Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Talk Back and You're Dead 201