Blade: Trinity 2004


 Blade 1 နဲ့ 2 အပြီးမှာ​တော့ Blade: Trinity ဆိုပြီး 2004 မှာ​နောက်ဆုံးတစ်ကားအ​နေနဲ့ထွက်ရှိလာခဲ့ပါတယ်။

ဒီတစ်ခါမှာ​တော့ Blade ကအရင်လိုတစ်​ယောက်ထဲ ကြမ်းရမ်း​တော့မှာမဟုတ်ပဲ အကူနှစ်​ယောက်ပါ ပါလာပါပြီ။ ဘယ်သူ​တွေလဲဆို​တော့ ကျွန်​တော်တို့ရဲ့အချစ်​တော် Ryan Reynolds(King) နဲ့ အဆို​တော် Justin Timberlake ရဲ့ အမျိုးသမီး Jessica Biel (Abby) တို့လဲ အားဖြည့်ထားမှာပါ။

ကျွန်​​တော်တို့ သ​ဘောကျကြတဲ့ Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ပါတယ်ဆို​တော့ ​ပေါက်ကရဟာသ​လေး​တွေ စကားလုံး​လေး​တွေကိုပါ​တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ WWE အ​​ကျော်အ​မော် Triple H ကိုလဲ ဒီကားမှာဗန်ပိုင်းယားတစ်​ကောင်အ​နေနဲ့​တွေ့မြင်ရမှာဖြစ်ပါတယ်။

ဗန်ပိုင်းယား​တွေရဲ့ မျိုးစိတ်သစ်ကိုဖန်တီးဖို့အတွက် ဗန်ပိုင်းယား​တွေက စုစည်းပြီး​တော့ Dracula ကိုသွား​ရောက်နှိုးလာခဲ့ပါတယ်။ Dracula ဆိုတာလဲ အားလုံးသိကြတဲ့အတိုင်း ဗန်ပိုင်းယား​တွေရဲ့ မူလအစပြုရာ ဇာတ်ကား​တော်​တော်များများမှာလဲ Dracula ဘယ်လိုကြမ်းတယ်ဆိုတာကို​တွေ့ဖူးကြမှာပါ။ ဒီမှာ​တော့ ဗန်ပိုင်းယား​တွေတုန်​နေ​အောင်​​ကြောက်ရတဲ့ Blade နဲ့ Dracula တို့ ဘယ်လိုအားပြိုင်ကြမလဲဆိုတာ​ကို​တော့….


G-Drive

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016