Te3n 2016


 ဒီဇာတ်ကားတော့ Amitabh Bachchan ရဲ့

၂၀၁၆ ထွက်ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်..။

ဇာတ်လမ်းကတော့ ပြန်ပေးဆွဲခံရတဲ့ ၈ နှစ်အရွယ်မြေးမလေးအတွက် ၈ နှစ်တိုင်တိုင်

ပူဆွေးသောကရောက်နေတဲ့ ဂျွန် ဟာ တနေ့မှာတော့ မိဘမဲ့ ဂေဟာက ကလေးမလေးတယောက်ရဲ့

ဦးထုပ်ကနေ တဆင့် ပြန်ပေးသမားကိုခြေရာခံမိတယ်..။

အဲဒီ အချိန်မှာပဲ နောက်ထက် ၈ နှစ်အရွယ်ကလေးတယောက် ပြန်ပေးဆွဲခံရပြန်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ ၈ နှစ်ကပြန်ပေးမှုနဲ့ တူညီနေတာပါပဲ....

ဇာတ်လမ်းမှာ ဂျွန်ဟာ သူတယောက်တည်းပြန်ပေးသမားကို ခြေရာခံမိဖို့ ဘယ်လောက်ရုန်းကန်ခဲ့ပြီး..။

ရဲ တွေကရော ဒီပြန်ပေးအမှုနဲ့ ပတ်သတ်ပြီး ဂျွန် ရဲ့ဖော်ထုတ်မှုကို လက်ခံရဲ့လား...။

နောက်ဆုံး ဒီပြန်ပေး ၂ မှုလုံးကိုဖော်ထုတ်နိုင်ရဲ့လားဆိုတာ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ရှုစားရမှာပါ။

ဘောလီဝုဒ် ဇာတ်ကားတွေမှာထူးထူးခြားခြားဇာတ်ကားလည်းဖြစ်ပါတယ် မကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ


G-Drive

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016