12 Years a Slave 2013
ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်းမတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်းငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီးပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။
ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲအကျော်ကြားဆုံးကတော့ “Gone With the Wind ”လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့၁၉ရာစုရဲ့အရောင်းရဆုံစာအုပ်” Uncle Tom’s Cabeint” အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ယခုကားရဲ့ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ်စာအုပ်တွေကတော့
ကျွန်တွေဘက်က အမြင်ကို ပြထားပြီးနှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်းမကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalveကတော့ Biography တစ်ပုဒ်ပါတဲ့။ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။
ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက်မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…ဟိုအရင်များဆီတုန်းက….အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာSolomon Northupဆိုတဲ့လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။
ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်ကသူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲအောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့Solomonဟာ အသိညဏ်အရည်အချင်းတွေကိုအသုံးချပြီး
လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။
တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ရက်စက်ပေမဲ့လည်းတစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာမရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီမျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်ရှိနေခဲ့တာပါပဲ။
ဒီမျှော်လင့်ချက်ကလေးဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။ဇာတ်ကြောင်းကပဲ ကောင်းတာလားဆိုတော့မဟုတ်သေးပါဘူး။ သရုပ်ဆောင်တွေပဲကြည့်ပါBard Pitt … Micheal FasssbenderBeneditch Cumberbatchတို့လည်းတစ်ထောင့်တစ်နေရာက ပါဝင်ထားပါတယ်။
Producerတွေထဲ Brad Pittလည်းပါပါတယ်တဲ့။Best Motion Picture of YearBest Performance By Actressနဲ့Best Writing အစရှိတဲ့ Oscarဆု သုံးခုကိုဆွတ်ခူးခဲ့တဲ့အပြင် တခြား ၂၃၈ဆုရထားပါတယ်။ ဒါ့အပြင်Hans Zimmerရဲ့ Scoreတွေကိုလည်း နားထောင်ကြရဦးမှာပါ
Comments
Post a Comment