Welcome To The Dongmakgol 2005
(ဒုံမတ်ဂိုမှ ကြိုဆိုပါတယ်)
Rating 7.8 အထိ ရရှိထားတဲ့ Korea စစ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ😃😃😃
ဒီဇာတ်ကားလေးဟာ ၂၀၀၅ ခုနှစ်က ထွက်ရှိထားတဲ့ကားလေးမို့ အတော်လေးတော့ ကြာနေပါပြီ...
ဒါပေမယ့် အဟောင်းထဲက အသစ်ဆိုသလို...
စစ်သားတွေရဲ့ ဘဝ၊ နောက်ပြီး စစ်ရဲ့ဆိုးဝါးလှတဲ့အနိဋ္ဌအာရုံတွေ.... လူလူချင်း စာနာစိတ်.....အားလုံးအားလုံး ကြည့်ရှုရမှာပါ😃
ဇာတ်လမ်းအကျဉ်း 😃
၁၉၅၀ ခုနှစ် စစ်ဖြစ်နေတဲ့အချိန်မှာ တောင်ကိုရီးယားစစ်သားအချို့ ရယ် မြောက်ကိုရီးယားစစ်သား သုံးယောက်နဲ့ တိုက်လေယာဉ်ကနေ ပြုတ်ကျထားလို့ ဒဏ်ရာရထားတဲ့ အမေရိကန်ပိုင်းလော့တစ်ဦးရယ်😃... စစ်ပွဲကနေ
အသက်အန္တရယ်အမျိုးမျိုးကြားကနေ လွတ်မြောက်လာပြီး
ရိုးသားအေးဆေးတဲ့ ထူးဆန်းတဲ့ ရွာငယ်လေးဆီကို ရောက်လာပါတော့တယ်...
သူတို့တခါမှ မမြင်ဖူးတဲ့ ရွာသားတွေရဲ့ ရိုးသားဖြူစင်မှု...
လူအချင်းချင်း လူသားချင်းစာနာစောင့်ရှောက်ရမယ်ဆျုတဲ့ အသိစိတ်လေးနဲ့.... တောင်နဲ့မြောက်မခွဲခြားပဲ ရွာထဲမှာ အတူတကွ နေလာရင်း....
ရွာထဲမှာ ဖြစ်လာတဲ့အခက်အခဲတွေကို သူတို့ အတူတူရင်ဆိုင် ဖြေရှင်းကြရင်း...
ဖြစ်ပေါ်လာတဲ့သံယောဇဉ်....
အဖွဲ့အစည်း မတူညီကြပေမယ့်.... တူညီတဲ့စိတ်...
တူညီတဲ့စိတ်သဘောထားတို့နဲ့.....
ကိုယ့်တိုင်းပြည် လူမျိုးအပေါ်မှာထားရှိတဲ့ မျိုးချစ်စိတ်.... စတဲ့... အတုယူဖို့ကောင်းတာလေးတွေ ကြည့်ရှု့ရမှာပါ 😃😃
စပြီး ကြည့်ကတည်းက စိတ်ဝင်စားဖို့ကောင်းသလို
ဇာတ်သိမ်း အထိ ဟာကွက်တကွက်မှ မရှိအောင် သရုပ်ဆောင်တွေဟာ သူ့ဇာတ်ရုပ်နဲ့သူ အပိုအလိုမရှိ သရုပ်ဆောင်သွားကြတာကိုလည်း မြင်တွေ့ရမှာပါ
War, Comedy ဖြစ်တာမို့....
စစ်ရဲ့ သဘော..
ရယ်စရာ ကြည်နူးစရာအခန်းလေးတွေလညိး ပါတာမို့
ဆက်ဆက်ကြည့်ရှု့သင့်တဲ့ ကိုရီးယားစစ်ကားကောင်းလေး ဖြစ်ပါကြောင်း
ညွှန်းပေးလိုက်ပါတယ် 😃😃😃
Review & Translate by: May Satt Thu
Comments
Post a Comment