To your last death 2019


 ထိတ်လန့်ဖွယ် ခပ်ကြမ်းကြမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Animation ဇာတ်ကြမ်းကားတစ်ကား လာပါပြီ…
ဇာတ်လမ်းအညွှန်း
DeKalb ဆိုတဲ့ အာဏာရှိမိသားစုမှာ သားသမီးလေးယောက်ရှိရာက သူတို့လေးယောက်လုံးကို ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကြီးဟာ ညှင်းပန်းနှိပ်စက်ခဲ့တာပါ…
စီးပွားရေးရာမှာ အောင်မြင်လာတဲ့ဖခင်ကြီးဟာ နိုင်ငံရေးဘက်ကို ခြေစုံပစ်ဝင်ဖို့ ကြိုးစားလာပြီး ဒုတိယသမ္မတအဖြစ် မဲဆွယ်ပွဲလုပ်တဲ့အခါမှာ သားသမီးလေးယောက်လုံးဟာ သူတို့အဖေရဲ့မကောင်းကြောင်းကို လူရှေ့သူရှေ့မှာ ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် သူ့ရဲ့နိုင်ငံရေးကြိုးပမ်းမှုဟာ ကျရှုံးခဲ့ရပါတယ်…
ဖခင်ဖြစ်သူအတွက်တော့ ကမ္ဘာမကျေ ဖြစ်ရပ်ပါပဲ..အဲ့ဒီနောက်တော့
ဖခင်ဖြစ်သူဟာ ဘယ်လိုရက်စက်ယုတ်မာမလဲ…
သားသမီးတွေကရော ဘယ်လို လူသတ်သမားမျိုးစုံနဲ့တွေ့မလဲ…
ဒီ Animation က အက်ရှင်ကားဖြစ်ပြီး လူသတ်ချက်တွေလည်း
ရက်စက်ပြီး ထိတ်လန့်စရာကောင်းပါတယ်…
Plot Twist တွေများတဲ့အပြင် ခပ်ဆန်းဆန်းဇာတ်အိမ်လည်းဖြစ်ပါတယ်"

Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Talk Back and You're Dead 201