The Notebook 2004
နွေရာသီအချစ်ဇာတ်လမ်းလေး တစ်ခုမှာ နွမ်းပါးဆင်းရဲတဲ့ ကောင်လေး နိုအာ နဲ့ လူကုံထံ အသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့ ကောင်မလေး အယ်လီတို့ အချစ်ကို အတိုင်းအဆမရှိ သတ်မှတ်ချက်မရှိပဲ မိုးမမြင်လေမမြင် ချစ်ခဲ့ကြပါတယ် တစ်နေ့မှာတော့ ကွာခြားလွန်းတဲ့ ဘဝအခြေအနေကြောင့် ဝေးကွာခဲ့ရပါတယ် နှစ်ကာလတွေကြာမြင့်ခဲ့ချိန်မှာတော့ သူတို့နှစ်ယောက်ကို ကံကြမ္မာက အမှတ်မထင် ပြန်လည်ဆုံဆည်းခွင့် ပေးလိုက်ချိန်မှာတော့ ငယ်စဉ်က အချစ်စိတ်တွေ ပြန်လည်ပေါက်ဖွားလာမလား ပြန်တွေ့တဲ့ အချိန်မှာရော အရင်လို ချစ်နိုင်ကြဦးမလား ဘာတွေဆက်ဖြစ်လာမှာလဲ ကြည်နူးဖွယ် လွမ်းမောဖွယ် ခံစားချင်သူများအတွက် အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်တာကြောင့် လက်မလွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်
Comments
Post a Comment