The mermaid 2016




စတီဗင်ချောင်ရိုက်ကူးတဲ့ The Mermaid (2016) မြန်မာစာတန်းထိုး Free Download
လူရှုပ်လူပွေစီးပွားရေးလုပ်ငန်းရှင် လျူရွှမ်ဟာ သဘာဝအပန်းဖြေကမ်းခြေ စီမံကိန်းတစ်ခုလုပ်ဖို့ အစိမ်းရောင်ပင် လယ်ကွေ့နေရာကို ၀ယ်ယူခဲ့ပါတယ်။ အပန်းဖြေဧရိယာထဲမှာရေနေသတ္တ၀ါတွေရဲ့ အန္တရာယ်ရှင်းအောင်လို့ ဆိုနာနည်းပညာသုံးပြီး ဖယ်ရှားခဲ့ပါတယ်။
တကယ်တော့အစိမ်းရောင် ပင်လယ်ကွေ့ဟာ ရေသူထီးတွေ၊ ရေသူမတွေရဲ့ ကျင်လည်ကျက်စားတဲ့နေရာဖြစ်ပြီး ဆိုနာကြောင့် သေဆုံးတာတွေ၊ နာမကျန်းဖြစ်တာတွေကြုံခဲ့ကြပါတယ်။ မသေဘဲကျန်ခဲ့တဲ့ ရေသူထီး၊ ရေသူမ အဖွဲ့ဟာ သင်္ဘောပျက်ကြီးတစ်ခုထဲမှာ ပုန်းနေကြပြီး သူတို့ကိုဒုက္ခပေးတဲ့ လျူရွှမ်ကို လုပ်ကြံဖို့ ကြံစည်ခဲ့ကြပြီး ရှန်းဆိုတဲ့ ချောမောလှပတဲ့ရေသူမလေးကို ရွှမ်ဆီကို စေလွှတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ရှန်းဟာ လူယောင် ဖန်ဆင်းပြီး ကချေသည်တစ် ယောက်ပုံစံနဲ့ ရွှမ်ကိုချည်းကမ်ခဲ့ပါတယ်။ ရွှမ်ကတော့ ရှန်းကို မိန်းမရွှင်တစ်ယောက်လို့ ထင်ခဲ့ပြီး သူ့ရဲ့စီးပွားဖက်တွေမနာလိုအောင် ခပ်ချောချောမိန်းကလေးရှန်းကို တွဲဖို့လုပ်ခဲ့ပါတယ်။

ရှန်းဟာရိုးသားပြီး ဟာသဉာဏ်ရွှင်တဲ့ မိန်းကလေးမို့ ရွှမ် သဘောကျခဲ့ပြီး သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်ရွှမ်ဟာ သူချစ်တဲ့ မိန်းကလေးဟာ ရေသူမလေးဖြစ်နေတာကို သိသွားခဲ့ပြီး သူရဲ့ဆိုနာစီမံကိန်းကြောင့် ရေသတ္တ၀ါတွေ ဒုက္ခတွေ့တယ်ဆိုတာပါသိသွားကာ ဆိုနာနည်းပညာကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေသတ္တ၀ါတွေက သူတို့ကို ဒုက္ခပေးတဲ့ ရွှမ်ကိုအလွတ်ပေးပါ့ မလား၊ ဘ၀ချင်းမတူတဲ့ ရှန်းနဲ့ရွှမ်တို့ရဲ့ အချစ်ဇာတ်လမ်းကကော ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ လျူရွှမ်အဖြစ် ဒန်ချောင်၊ ရှန်းအဖြစ် လင်းယွမ်တို့က ခေါင်းဆောင် ပါဝင်ထားကြတာပါ။



 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016