The mad monk 1993



The Mad Monk 1993

ဒီအပတ်တင်ဆက်ပေးမယ် စတီဗင်ချောင် ကားအသစ်လေးကတော့

29/7/1993 ကထွက်ရှိထားတဲ့ The Mad Monk ဇာတ်ကားလေးပါ ဒီဇာတ်ကားလေးက comedy အမျိုးအစား ဖြစ်ပြီး ဒါရိုက်တာJohnnie To Kei-Fung ကရိုက်ကူးပေးထားတာပါ

ထုံးစံတိုင်းနာမည်ကြီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ့ ပူးပေါင်းတင်ဆက်လိုိက်ပါတယ်

အကျော်အမော်တွေကို ခေတ်သရုပ် ဖော်ရင်း သရော်နေကြဖြစ်တဲ့ စတီဗင်ချောင်ကတော့ အခုအခါမှာ ဆင်းရဲသားတွေကို ကူညီပြီး တရားမျှ တရေးမှာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ တန်ခိုးရှိ တရုတ် သမိုင်း၀င် "ကျိကုန်း"Ji Gong ဘုန်းကြီးအကြောင်း ကို အခြေခံကာ သရော်ထားပါတော့တယ်။

ချစ်စရာ မျက်နှာသွယ် လေးနဲ့ မင်းသမီး Maggie Cheung ကသရုပ်ဆောင်ထားပြီး စတီဗင်ချောင်နဲ့ The Banquet (1991),Alls Well Ends Well (1992/1997) တို့မှာလဲ တွဲဖက်သရုပ်ဆောင်ဖူးပါတယ်။ တစ်နည်းအားဖြင့် ဂျက်ကီချန်း ရဲ့ အချစ်တော်လေးပေါ့။😛 Police Story ဆိုတာနဲ့ ဂျက်ကီချန်းအပေါ်စိတ်အရှည်ဆုံး မင်းသမီး လေး Maggie Cheungပဲ မြင်မိတယ်။💗

Movie Plot...

ကောင်းကင်ဘုံမှာ သူ့စိတ်တိုင်းအကျ မွှေနှောက်လိုက် တဲ့ နဂါးသူရဲကောင်း Lo Han ဖြစ်တဲ့ စတီဗင်ချောင်ကို နတ်များစွာက တိုင်တန်းလာပါတော့တယ်။ နတ်တစ်ပါးချင်းစီရဲ့မတရားမှု၊‌ေပါဆမှု တွေကို တရားကျအောင် ပြုပြင်လိုက်တဲ့ နဂါးသူရဲကောင်းကို ပြစ်ဒဏ်ချဖို့ ...

ကွမ်ရင် မယ်တော် သည် Lo Han ကို လူ့ပြည့်သို့ ကျိကုန်း အဖြစ်စေလွှတ်ပါတော့တယ်။လူ့ပြည်မှာရှိတဲ့ ကိုးဘ၀ကြာဖျာသည်မ၊ကိုးဘ၀ကြာသူတောင်းစား နှင့် ကိုးဘ၀ကြာ လူဆိုး တို့ကို ဂရုဏာ၊‌ေမတ္တာ ချ၍ အသိတရားရစေရန် 'လိုဟန်" လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီ Challenge ကို နဂါးသူရဲကောင်း"လိုဟန်" ဖြစ်တဲ့ ''ကျိကုန်း" အောင်မြင်မှာလား?။ရှံုးနိမ့်မှာလား? စောင့်ကြည့်ရင်း ရွှေအတိခန္ဓာကိုယ် ကို လုတဲ့ တိုက်ပွဲကိုလည်း ကြည့်ရှု ရမှာပါ။

ချောင်ရဲ့ ဇာတ်လမ်းသဘောသဘာ၀အရ သမိုင်းကြောင်းကို သရော်ကာ ခေတ်ပညာပေးအဖြစ်ရိုက်ကူးထားတာကို တွေ့မြင်နုိင်ပါတယ်။

နဂါးသူရဲကောင်လိုဟန် နှင့် ကျားသူရဲကောင်းဖြစ်တဲ့ ''Ng Man Tat" တို့ရဲ့ အလွဲဟာသတွေကိုလည်းရယ်မောရဦးမှာပါ။


 The Mad Monk 1993


ဒီအပတ္တင္ဆက္ေပးမယ္ စတီဗင္ေခ်ာင္ ကားအသစ္ေလးကေတာ့

29/7/1993 ကထြက္ရွိထားတဲ့ The Mad Monk ဇာတ္ကားေလးပါ ဒီဇာတ္ကားေလးက comedy အမ်ိဳးအစား ျဖစ္ၿပီး ဒါ႐ိုက္တာJohnnie To Kei-Fung က႐ိုက္ကူးေပးထားတာပါ


ထုံးစံတိုင္းနာမည္ႀကီး Stephen Chow Movie Collection Myanmar (Sc Channel) နဲ႔ ပူးေပါင္းတင္ဆက္လိုိက္ပါတယ္


အေက်ာ္အေမာ္ေတြကို ေခတ္သ႐ုပ္ ေဖာ္ရင္း သေရာ္ေနၾကျဖစ္တဲ့ စတီဗင္ေခ်ာင္ကေတာ့ အခုအခါမွာ ဆင္းရဲသားေတြကို ကူညီၿပီး တရားမွ် တေရးမွာ မားမားမတ္မတ္ ရပ္တည္ခဲ့တဲ့ တန္ခိုးရွိ တ႐ုတ္ သမိုင္း၀င္ "က်ိကုန္း"Ji Gong ဘုန္းႀကီးအေၾကာင္း ကို အေျခခံကာ သေရာ္ထားပါေတာ့တယ္။


ခ်စ္စရာ မ်က္ႏွာသြယ္ ေလးနဲ႔ မင္းသမီး Maggie Cheung ကသ႐ုပ္ေဆာင္ထားၿပီး စတီဗင္ေခ်ာင္နဲ႔ The Banquet (1991),Alls Well Ends Well (1992/1997) တို႔မွာလဲ တြဲဖက္သ႐ုပ္ေဆာင္ဖူးပါတယ္။ တစ္နည္းအားျဖင့္ ဂ်က္ကီခ်န္း ရဲ႕ အခ်စ္ေတာ္ေလးေပါ့။😛 Police Story ဆိုတာနဲ႔ ဂ်က္ကီခ်န္းအေပၚစိတ္အရွည္ဆုံး မင္းသမီး ေလး Maggie Cheungပဲ ျမင္မိတယ္။💗


Movie Plot...

ေကာင္းကင္ဘုံမွာ သူ႔စိတ္တိုင္းအက် ေမႊေႏွာက္လိုက္ တဲ့ နဂါးသူရဲေကာင္း Lo Han ျဖစ္တဲ့ စတီဗင္ေခ်ာင္ကို နတ္မ်ားစြာက တိုင္တန္းလာပါေတာ့တယ္။ နတ္တစ္ပါးခ်င္းစီရဲ႕မတရားမႈ၊‌ေပါဆမႈ ေတြကို တရားက်ေအာင္ ျပဳျပင္လိုက္တဲ့ နဂါးသူရဲေကာင္းကို ျပစ္ဒဏ္ခ်ဖို႔ ...


ကြမ္ရင္ မယ္ေတာ္ သည္ Lo Han ကို လူ႔ျပည့္သို႔ က်ိကုန္း အျဖစ္ေစလႊတ္ပါေတာ့တယ္။လူ႔ျပည္မွာရွိတဲ့ ကိုးဘ၀ၾကာဖ်ာသည္မ၊ကိုးဘ၀ၾကာသူေတာင္းစား ႏွင့္ ကိုးဘ၀ၾကာ လူဆိုး တို႔ကို ဂ႐ုဏာ၊‌ေမတၱာ ခ်၍ အသိတရားရေစရန္ 'လိုဟန္" လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒီ Challenge ကို နဂါးသူရဲေကာင္း"လိုဟန္" ျဖစ္တဲ့ ''က်ိကုန္း" ေအာင္ျမင္မွာလား?။ရွံုးနိမ့္မွာလား? ေစာင့္ၾကည့္ရင္း ေ႐ႊအတိခႏၶာကိုယ္ ကို လုတဲ့ တိုက္ပြဲကိုလည္း ၾကည့္ရႈ ရမွာပါ။


ေခ်ာင္ရဲ႕ ဇာတ္လမ္းသေဘာသဘာ၀အရ သမိုင္းေၾကာင္းကို သေရာ္ကာ ေခတ္ပညာေပးအျဖစ္႐ိုက္ကူးထားတာကို ေတြ႕ျမင္ႏုိင္ပါတယ္။


နဂါးသူရဲေကာင္လိုဟန္ ႏွင့္ က်ားသူရဲေကာင္းျဖစ္တဲ့ ''Ng Man Tat" တို႔ရဲ႕ အလြဲဟာသေတြကိုလည္းရယ္ေမာရဦးမွာပါ။


Mega (Large)


Mega (Small)


Media (Large)


 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016