Reply 1997
ဇာတ်လမ်းအညွှန်း👇
2012 ရဲ့ ကြည့်ရှုသူနှုန်း rating အမြင့်ဆုံးနဲ့ Best Award များစွာဆွတ်ခူးရရှိထားခဲ့တဲ့
အကောင်းစား Drama တစ်ခုဖြစ်ပါတယ်
2012 ရဲ့ သာယာလွန်းတဲ့နေ့တစ်နေ့ လှပတဲ့ အကြောင်းတိုက်ဆိုက်မှုတစ်ခုအောက်မှာ
ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ကြတဲ့ တချိန်က ပျော်ရွှင်ကြည်နူးစွာ ရင်းနှီးချစ်ခင်ပေါင်းသင်းလာခဲ့ကြတဲ့
သူငယ်ချင်းအုပ်စုတစ်စုရဲ့ လွန်ခဲ့သော 1997 အတိတ်က သူတို၏ ကျောင်းသားဘဝ အမှတ်ရစရာ
အခိုက်အတန့်တို့ကို ပြန်လည်တမ်းတ လွမ်းဆွတ်သတိရမိခြင်းအား...
အခြေခံဇာတ်အိမ်တည်ထားတဲ့
Reply 1997 ဟာ 1997 ခုနစ်က ကိုရီးယားအထက်တန်းကျောင်းသားတိုရဲ့ဘဝကို ထပ်ဟပ်ပြသထားတဲ့
1997 ခုနစ်သိုတမ်းခြင်း အဖြစ်အပျက်များကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပါ.
သည်ဇာတ်လမ်းတွဲရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ShiWon ဆိုတဲ့ အထက်တန်းကျောင်းသူလေးရဲ့ဘဝ..
ထိုခေတ်အခါက ဆယ်ကျော်သက်မိန်းကလေးတို၏ အသည်းစွဲ Kpop အဖွဲ HOT Boy Band အပေါ်
သူမ၏ ရူးသွပ်စွာ ချစ်ခင်နှစ်သက်အားပေးမှုများဟာ မိမိချစ်ရဲ့တဲ့ Idol အပေါ် ရူးသွပ်စွဲလမ်းစွာ
အားပေးကြတဲ့ ဆယ်ကျော်သက် မိန်းကလေးတိုရဲ့ ဘဝ ခံစားချက် အဖြစ်အပျက် အကြောင်းအရာတိုကို
အကောင်းဆုံး သိမြင်ခံစားကြည့်ရှုကြရမည့်
Reply 1997 မှာ
2012 ရဲ့ Best Drama Couple တစ်တွဲအဖြစ် ရပ်တည်နိုင်ခဲ့သည်အထိ Drama Fan တွေရဲ့အားပေးနှစ်သက်မှုကိုရရှိခဲ့ကြတဲ့ Main Lead နှစ်ယောက်ဖြစ်တဲ့
Seo In Guk နဲ့ Jung Eun Ji ( APink ) တိုက
ဘယ်လောက်ထိ အတွဲညီညီ လိုက်ဖက်စွာ ပုံဖော်သရုပ်ဆောင်ထားတယ်ဆိုတာ...
ကြည့်ရှုပြီးသား fan လေးတွေရော.. မကြည့်ရှုဖူးသေးတဲ့ fan လေးတွေရော..
2012 ရဲ့ Best Drama လေးကို အကောင်းဆုံး မြန်မာစာတန်းထိုးလေးဖြင့်
တမျိုးတမည် ပြန်လည်ခံစားရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်
Comments
Post a Comment