Interstellar 2014


 အနာဂါတ်သိပ္ပံခေတ်လွန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Cooper ဆိုတဲ့ သိပ္ပံပညာရှင်နဲ့အာကာသယာဉ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး Murph နဲ့ Tom ဆိုတဲ့ သမီးနဲ့သားတစ်ယောက်စီပိုင်ဆိုင်ထားသူဖြစ်ပါတယ် ကမ္ဘာပေါ်မှာအငတ်ဘေးဆိုက်လာပြီး မကြာခင်မှာရှိသမျှအစားအစာတွေ ပြတ်လတ်သွားတော့မယ်ဆိုတာကို လူတွေသဘောပေါက်သွားတဲ့အခါ ဒီပြသနာက NASA ခေါင်းပေါ်ကျလာခဲ့တယ် အာကာသထဲကကြယ်တွေကြားကိုသွားပြီး လူသားတွေနေလို့ရမဲ့ကမ္ဘာသစ်တစ်ခုကို ရှာဖွေဖို့ NASA ကအကြံထုတ်ရပါတော့တယ် ဒီအကြံကိုအကောင်ထည်ဖော်ဖို့ အာကာသယာဉ်ကြီးကိုမောင်းပြီး ကြယ်တွေကြားခရီးသွားနိုင်တဲ့လူက Cooper အပြင်တစ်ခြားလူမရှိတာကြောင့် ဒီတာဝန်ကို Cooper ယူလိုက်ရပါတော့တယ် Cooper တစ်ယောက်ဒီတာဝန်ကိုအောင်မြင်နိုင်ပါ့မလား Christopher Nolan ရိုက်ကူးထားသမျှထဲကအကောင်းဆုံးဇာတ်ကားစာရင်းဝင်ထားတဲ့အတွက် ကြည့်လို့အရမ်းကောင်းပါတယ်လို့ တကူးတကပြောပြီးညွှန်းနေစရာလိုမယ်မထင်ပါဘူး...   

Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Six Flying Dragons 2015