I can hear your voice 2013


 I Can Hear Your Voice 2013 -Korean television series– (မင်းအသံလေးများ ကြားရင်) မြန်မာစာတန်းထိုး
(Korea) SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ ဟာသ၊ လျှို့ဝှက်ဆန်းကြယ်၊ မှုခင်း၊ အချစ်ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ မင်းသား လီဂျောင်ဆော့နဲ့အတူ မင်းသားယွန်းဆန်ယောင်းနဲ့ မင်းသမီး လီဘိုယောင်းတို့က ခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အပိုင်း (၁၆) ပိုင်းရှိပါတယ်။ ဇာတ်လမ်းအကျဉ်း အသက် ၉ နှစ်အရွယ် ဆူဟာ ဟာ ဖခင်ဖြစ်သူနဲ့အတူ ကားစီးနေစဉ်မှာ ရုတ်တရက် မင်ဂျွန်ကွတ် ဆိုတဲ့ လူတစ်ဦးရဲ့ ထရပ်ကားနဲ့ ဝင်တိုက်တာကိုခံလိုက်ရပါတယ်။ မင်ဂျောင်ကွတ်ဆိုတဲ့လူဟာ သူရဲ့ ထရပ်ကား ထဲကနေ ထွက်လာခဲ့ပြီးတော့ သူတို့ကားဆီလာခဲ့ပါတယ်။ ဆိုဟာနဲ့ မင်ဂျွန်ကွတ်တို့ဟာ မျက်လုံးချင်းဆုံမိလိုက်ပြီး ရုတ်တရုတ် ဆိုဟာ နားထဲကြားလိုက်ရတာက ထိုလူစိမ်းရဲ့ အတွေးပါပဲ။ “ငါ ဒါကို အဆုံးသတ်ရမယ်” တဲ့။ မင်ဂျွန်ကွတ်ဟာ သူရဲ့ ထရပ်ကားဆီပြန်သွားပြီးတော့ ဘေ့စ်ဘောရိုက်တံကို ယူလာခဲ့ပါတယ်။ သူဟာ ဆိုဟာရဲ့ အဖေကို အဲဒီတုတ်တံနဲ့ သေတဲ့ရိုက်သတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဆိုဟာ ဟာလုံးဝကို ရှော့ခ်ရသွားခဲ့ပါတယ်။ မင်ဂျွန်ကွတ်ဟာ ဆိုဟာ ကိုပါ တုတ်နဲ့ ရိုက်ဖို့ လာတဲ့အချိန်မှာ ရုတ်တရက် ကင်မရာမီးအလင်းရောင်တစ်ခုက ဖျက်ခလဲလင်းသွားတဲ့အတွက် ဓါတ်ပုံရိုက်သွားတဲ့ လူနောက်ကို လိုက်သွားခဲ့လို့ ဆိုဟာ အသက်ချမ်းသာရာရခဲ့ပါတယ်။ တကယ်တော့ ဖုန်းနဲ့ကင်မရာရိုက်ခဲ့တဲ့ မိန်းကလေးက ဟယ်ဆောင်းလို့ခေါ်ပါတယ်။ ဟယ်ဆောင်းဟာ မင်ဂျွန်ကွတ်ကို တရားရုံးမှာ လူသတ်ကောင်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ မင်ဂျွန်ကွတ်ကတော့ ဆိုဟာရဲ့ အဖေဟာ ကားအက်ဆီးဒင့်ကြောင့် သေဆုံးခဲ့တယ်လို့ တဖွဖွပြောနေတာပါ။ အဲဒီအချိန်မှာပဲ ဆိုဟာကတော့ မိန်းကလေးပေမယ့် သတ္တိရှိတဲ့ ဟယ်ဆောင်းကို ချစ်ခင်ခဲ့ပါတယ်။ တကယ်လို့ မင်ဂျွန်ကွတ်က ဟယ်ဆောင်းကို ခြိမ်းခြောက်လာခဲ့မယ်ဆိုရင် ကာကွယ်ပေးဖို့ ဆိုဟာက ကတိပေးခဲ့ပါတယ်။ ၁၀ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ဆိုဟာဟာ အထက်တန်းကျောင်းသားတစ်ဦးဖြစ်လို့နေပါပြီ၊ ဒါပေမယ့် သူတပါးအတွေးကိုကြားနိုင်တယ်ဆိုတဲ့ သူ့ရဲ့စွမ်းရည်ကို ဘယ်သူမှ သတိမထားမိကြပါဘူး။ တစ်ဖက်မှာလည်း ဟယ်ဆောင်းဟာ ရှေ့နေတစ်ဦးဖြစ်နေပေမယ့် ကျွမ်းကျင်မှုမရှိဖြစ်နေပါတယ်။ သူ့ရဲ့ ရှေ့နေအလုပ်က မအောင်မြင်တဲ့အပြင် တစ်လကို ဒေါ်လာ ၁၀၀၀ ဖိုးလောက်ပဲ ရှာနိုင်ပါတယ်။ အင်တာဗျူးတစ်ခုမှ ဟယ်ဆောင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုတစ်ခုကို သက်သေအဖြစ် လိုက်ပေးဖူးခဲ့ကြောင်းပြောပြခဲ့ရာကစလို့ အလုပ်ရခဲ့ပြီးတော့ သူ့ရဲ့အင်တာဗျူး သတင်းဟာ သတင်းစာတွေထဲပါခဲ့ပါတယ်။ အကောင်းအနေနဲ့ ဆိုဟာနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပေမယ့် အဆိုးအနေနဲ့ကတော့ တစ်ချိန်က ထောင်ကျနေခဲ့တဲ့ မင်ဂျွန်ကွတ်ဟာလည်းထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီနောက် တစ်ချိန်က သွေးကြွေးရှိတဲ့ကြတဲ့ ရန်သူတော်တွေအကြား ဟယ်ဆောင်းကြားညပ်ခဲ့ရပါတယ်။ ဟယ်ဆောင်းကို သတ်ဖို့အကြိမ်ကြိမ်ကြိုးစားမယ့် မင်ဂျွန်ကွတ်ကနေ ဆိုဟာ ဘယ်လိုကယ်တင်မလဲဆိုတာ ဒီဇာတ်လမ်းတွဲကို ရင်ခုန်စွာနဲ့ ကြည့်ရှုပေးပါဦးနော်၊


















Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201