Game of Death 1978



Bruce Lee ဘယ်လိုသေသွားလဲသိကြလား။

သိတာပေါ့။

ဇာတ်ကားရိုက်ရင်း အပစ်ခံလိုက်ရတာလေ။

ဟုတ်တယ်မလား။

အဲ့ဒါဆို Bruce Lee ဘာကြောင့်သေသွားလဲဆိုတာရောသိကြလား။ သူရိုက်နေတုန်း လုပ်ကြံခံလိုက်ရတဲ့

ဇာတ်ကားနာမည်က The Game of death 2

အခု ဒီဇာတ်ကားနာမည်က The Game of Death ။

ထူးဆန်းတိုက်ဆိုင်စွာပဲ ဒီဇာတ်ကားရဲ့‌ဇာတ်လမ်းမှာ

ဘရုစလီဟာ ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့နေရာမှာ 

သရုပ်ဆောင်ထားပြီး အင်အားကြီးမားတဲ့လုပ်ငန်းစုတစ်ခုရဲ့

စည်းရုံးသိမ်းသွင်းခြင်းခံကိုခံနေရပါတယ်။

ဒါပေမယ့် Bruce က အတွင်တွင်ငြင်းတဲ့အခါ လုပ်ငန်းစုက

သူရုပ်ရှင်ရိုက်နေတုန်း သေနတ်နဲ့ပစ်သတ်ဖို့ကြံခဲ့တယ်။

ဇမ္မူဒီပါလက်ယာတောင်ကျွန်း ဩဘနမိတ်ထွန်းလို့

လူကြီးတွေဆိုကဆုံးမကြတယ်။

မကောင်းတာတွေမပြောရဘူး။

နမိတ်နောက်နမာလိုက်တယ်လို့လဲ ဆိုတတ်ကြသေးတယ်။

အဲ့ဒါဆိုရင် Bruce Lee ဟာ အဲ့ဒီ့စကားပုံတွေ

ဆုံးမမှုတွေအတိုင်းဖြစ်သွားတာလား။

The Game of Death မှာ လုပ်ကြံခဲရတဲ့ ဇာတ်လမ်းကိုရိုက်ပြီး The Game of Death 2မှာ တကယ်လုပ်ကြံခံလိုက်ရတယ်။

ဒါပေမယ့် ဒီဇာတ်ကားမှာတော့ Buruce ဟာတကယ်သေမသွားပါဘူး။ ကံကောင်းထောက်မစွာအသက်ရှင်သွားပြီး‌နောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ခံစားကြည့်ပါဦး။

သေချာတာတစ်ခုကတော့ ခင်များက Bruce Lee

တို့ Jack Li တို့ Jackie Chan တို့ရဲ့အက်ရှင်ကားတွေနဲ့

ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်ဆိုရင်

Bruce ရဲ့ဘဝဟာ ဒီထဲကအတိုင်းဖြစ်ပါစေကွာလို့

ဆုတောင်းမိမှာတော့ အမှန်ပဲ။


Mega

 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016