Dracula Untold 2014


 ဒီဇာတ်လမ်းကတော့ အံ့ဖွယ် ဆန်းကြယ် အက်ရှင် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၁၉၈၇ ခုနှစ်က ထုတ်လုပ်ထားတဲ့ Dracula ဆိုတဲ့ ၀ထ္ထုကို ပြန်လည် အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ အစမှာတော့ Vlad the Impaler ဆိုတဲ့ လူတစ်ယောက် ဟာ Transylvania တိုင်းပြည်ရဲ့ မင်းသားငယ် ဖြစ်ပါတယ်။ တူရကီ အင်ပါယာ ရဲ့ ကျွန်ဖြစ်ခဲ့ဖူးတဲ့ Vlad ဟာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ပြီး အရွယ်ရောက်တဲ့အခါမှာ Transylvania တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Vlad နဲ့ သူ့ရဲ့ စစ်သားတွေဟာ တူရကီ စစ်ဦးထုပ်တစ်လုံးကိုတွေ့တဲ့အတွက် ခြေရာခံ ရှာဖွေရာမှ ကျောက်ဂူတစ်ခုထဲ အရောက် မှာ Vampire တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး Vlad ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
နောက်တစ်ရက် မှာ Vlad ဟာ သူ့ရဲ့ ဇနီး ၊ သား တို့ အပါအ၀င် မှုးမတ်တွေနဲ့ Dracula နန်းတော်မှာ Easter ပွဲတော် ကျင်းပနေတုန်း တူရကီ အင်ပါယာက ခေါင်းဆောင်တွေက နန်းတော်ထဲကို ၀င်လာခဲ့ပါတယ်။ Vlad က ငွေတွေ ပေးခဲ့ပေမယ့် တူရကီခေါင်းဆောင်တွေက ယောက်ျားလေး အယောက်၁၀၀၀ ကို တူရကီ စစ်တပ်အတွက် တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက်မှာ Vlad ဟာ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ အတွက် ကျောက်ဂူထဲက Vampire ဆီမှာ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီအခါမှာ Vampire က Vlad ကို ၃ ရက်ခန့် Vampire ဖြစ်နေနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထို ၃ ရက် အတွင်းမှာ လူ သွေးကို မသောက်မှ Vlad ဟာ လူသား ပြန်ဖြစ်နိုင်မှာပါ။ လူသွေးကို သောက်မိရင်တော့ Vampire လုံးဝဖြစ်သွားမှာပါ။ ထိုအခါ မှာ Vlad နဲ့ Vampire ဟာ သဘောတူညီမှုရခဲ့ပြီး Vlad ဟာ ၃ ရက်တာ Vampire ဖြစ်ခဲ့ရာမှ တူရကီ စစ်တပ်ကြီး ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပေမယ့် တူရကီ စစ်တပ် က Vlad တို့ တိုင်းသူပြည်သားတွေ ထွက်ပြေးတဲ့နောက်ကို တရစပ် လိုက်လံတိုက်ခိုက်ပုံများကိုGary Shores က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ရေးသားထားတာ ကတော့ Matt Sazama နဲ့ Burk Sharpless တို့ပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Vlad the impaler အဖြစ် Luke Evans က သရုပ်ဆောင်ပေးထားပါတယ်။
(အညွှန်းကို trend.com.mm မှကူးယူဖော်ပြပါသည်..)

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Descendants of Adultery 2016