Destination Wedding 2018


 ၂၀၁၈ ထွက် မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့Destination Weddimg ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ….
အနောက်တိုင်းနိုင်ငံတွေမှာ ယနေ့ခေတ် ခေတ်စားနေတဲ့ မင်္ဂလာဆောင်နည်းတစ်မျိုးကို Destination Wedding လို့ခေါ်ပါတယ်…
ဒီလိုမင်္ဂလာဆောင်ကြတဲ့အခါ သတို့သား သတို့သမီးတို့ဟာ ကိုယ့်မြို့မှာမဟုတ်ဘဲနဲ့ ကိုယ့်မြို့နဲ့ အနည်းဆုံး မိုင် ၁၀၀ ဝေးကွာတဲ့အရပ်မှာ ခရီးလည်းထွက် မင်္ဂလာလည်းဆောင် ဆိုသလို ..
မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေအတွက်လည်း လမ်းစားရိတ် နေစားရိတ်တွေ အကုန်ကျခံပြီး ကျင်းပကြတဲ့ပွဲဖြစ်ပါတယ်…
ဖရန့် နဲ့ လင်းဆေးတို့ဟာ ဒီမင်္ဂလာပွဲကို လာကြတဲ့ လူနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ အမြှီူးအမောက်မတည့်မှုဟာ လေဆိပ်မှာကတည်းက စတင်ခဲ့ကြပါတယ်…
နှစ်ယောက်စလုံးဟာ ဇီဇာကြောင်သူများဖြစ်ပြီး သူတို့နှစ်ယောက်စလုံး တူညီနေတဲ့အချက်တွေ ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်…
ဇာတ်ကားတစ်ကားလုံးကို သူတို့နှစ်ယောက်ပြောစကားတွေနဲ့ပဲ တင်ဆက်ထားပြီး ရယ်ရွှင်စရာလေးတွေပါပါတဲ့ Drama/Melodrama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်
ခံစားကြည့်ရှုတော်မူကြပါဦ:

Comments