Couple or trouble 2006


 မြန်မာပရိတ်သတ်တွေကြားမှာ နာဆန်းရှီ ဆိုပြီး
လူသိများပြီး ချစ်ခင်နှစ်သက်အားပေးကြတဲ့
နာမည်ကြီး မင်းသမီးချောလေး HanYeSeul
အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့
သည်ဇာတ်လမ်းတွဲမှာ
သူမကို
ရုပ်ရည်လေး လှပချောမောသလောက်
မောက်မာရိုင်းစိုင်းပြီး မာနကြီးသော
ကြိကြိတက်ချမ်းသာတဲ့
အိမ်ထောင်ရှင်မိန်းမသား သူဌေးမလေး
JO Anna ( ဂျိုအန်နာ ​အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်)
သူမရဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေအောက်က
သာယာဖွယ်မရှိသော အိမ်ထောင်ရေးအကျိုးအကြောင်းနဲ့အတူ
အူကြောင်ကြောင်အေးစက်စက်နိုင်လှသော
Anna ၏ ခင်ပွန်းသည် အမျိုးသား Billy Park အဖြစ်
မြင်တွေ့ရမှာကတော့ Korean ဝါရင့် Actor ကြီး
Kim Seong Min ပဲဖြစ်ပါတယ် (အခု​တော့
မရှိရှာ​တော့ပါဘူး😪😪😪)
သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ လှပမှုသိပ်မရှိသော
ကံတရားရဲ့ အဖြစ်အပျက် အပြောင်းအလဲတွေကြားမှာ
သုံးပွင့်ဆိုင် Relationship တစ်ခုဖြစ်တည်လာဖို့
အကြောင်းဖန်လာတဲ့ တယောက်သောသူကတော့
ဂျန်​​ချောဆူ ရယ်​ပါ .... 😉
Korea ရဲ့ နာမည်ကျော် Manly Actor ချော
OhJiHo ရဲ့ Jang Cheolsu အဖြစ်မြင်တွေ့ရမယ့်
ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောလောက်စရာ
သရုပ်ဆောင်မှုတွေနဲ့အတူ
HanYeSeul ရဲ့ သွက်လက်တက်ကြွပြီး
အမြင်ကပ်ဖို့ကောင်းလောက်အောင်
ချစ်စရာကောင်းသော acting များစွာဟာ
Couple or Trouble ဆိုသော
Romantic Comedy ဇာတ်အိမ်တစ်ခုကို
အကောင်းမွန်ဆုံး ရသမျိုးစုံနဲ့ ပရိတ်သတ်တွေကို
တဟီးဟီးတဟားဟား ရယ်မောပျော်ရွှင်ရကာ
စိတ်ဝင်စားစွာ ကြည့်ရှုခံစားနိုင်စေခဲ့တဲ့
အဟောင်းထဲက အကောင်းစား
သည် Drama Series လေးကို
ယခုအချိန်မှာလည်း တမျိုးတမည် ပြန်လည်ပြီး
အမောပြေ အပန်းပြေ ကြည့်ရှုနိုင်ရစေဖို့
FOF Team ရဲ့ မြန်မာစာတန်းထိုး အရသာလေးနဲ့အတူ
အကောင်းဆုံး တင်ဆက်ပေးမှာ ဖြစ်​ပါတယ်​ခင်​ဗျာ 😉
အား​ပေးကြပါဦး ☺














Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201