A better tomorrow 1986

ပိုကောင်းတဲ့မနက်ဖြန်ဆိုတဲ့ ဇာတ်ကားလေးဟာ ၁၉၈၆ မှာရိုက်ကူးထားတဲ့ တရုတ်မင်းသားကြီးချောင်ယွမ်ဖတ်ရဲ့ ဇာတ်ကားပါ ညီအစ်ကိုနှစ်ယောက်ရှိတဲ့အထဲမှာ အစ်ကိုဖြစ်သူက စောစီးစွာကျောင်းထွက်သွားရပြီး သင်္ဘောသားအဖြစ်အလုပ်လုပ်ရင်း ဂျပန်နိုင်ငံကို မှောင်ခိုကုန်ကူးတဲ့ မှောင်ခိုသမားဖြစ်လာပြီး ညီဖြစ်သူကတော့ ရဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်..။အဖေဖြစ်သူက စိတ်ကျန်မာရေးမကောင်းတဲ့သူမို့လို့ အဖေ့ကျန်းမာရေးကို ဂရုစိုက်ရင်း ညီငယ်က အိမ်မှာကျန်ခဲ့သလို အစ်ကိုဖြစ်သူကတော့ အိမ်ကိုပြန်လာချင်တဲ့ အချိန်မှပြန်လာပြီး အပေအတေဆန်ဆန်ဘဝကိုဖြတ်သန်းနေခဲ့ပါတယ်။သူ့ရဲ့မှောင်ခိုသမားဘဝမှာ ညီအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းရှိပါသေးတယ်..။ဒီလိုနေထိုင်လာကြရင်း စိတ်ရင်းကောင်းသလောက် အားနာတတ်တဲ့အစ်ကိုဟာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပြဿနာထဲ ဝင်ရောက်မိတဲ့အခါ…

ဇာတ်လမ်းက မှုခင်း ဒရာမာအမျိုးအစားလေးဖြစ်ပြီဒ ညီအစ်ကိုတွေကြားမေတ္တာကို ပေါ်လွင်အောင်တင်ဆက်ပြသထားပါတယ်…

G-Drive

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201