The driver 2019

 



ဒီကားလေးကတော့ ဟိုးအရင်ကတည်း ပါနာနာဝေးမင်းသားလို့နာမည်ကြီးခဲ့တဲ့ Mark Dacascosရဲ့ 2019ထွက် Actionကားကောင်းလေးတစ်ကားပါ။အလင်းတွေ အနံ့တွေထက် အသံမှာအာရုံခံစားမှုကောင်းတဲ့ zombieတွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာ အသက်လုပြီးကြိုးစားရှင်သန်နေကြတဲ့ မင်းသားတို့လူစုဟာzombieတွေဝင်လာလို့မရအောင် နည်းမျိုးစုံနဲ့တားဆီးပြီး ထိတ်တလန်လန့်နဲ့နေထိုင်လာရင်း သူတို့အဖွဲ့အစည်းထဲက လူယုံတစ်ယောက်က သစ္စာဖောက်သွားခဲ့တဲ့အခါမှာတော့...သူတို့နေထိုင်တဲ့ secret placeလေးကို zombieတွေဝင်ရောက်လာပါတော့တယ်....အဲ့ဒီအခါမှာထွက်ပြေးရုန်းကန်ကြရင်းနဲ့ မင်းသားနဲ့သူ့သမီးလေးတို့ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။မင်းသားက သူအရင်ကြားဖူးခဲ့တဲ့ zombieတွေမရှိတဲ့ လုံခြုတဲ့ ဟေးဗန်လို့ခေါ်တဲ့နေရာကို တကယ်ရှိမရှိမသေမချာမရေမရာနဲ့ သွားရှာပါတော့တယ်....

အဲ့ဒီအခါမှာတော့ သူယုံကြည်နေခဲ့တဲ့ ဟေးဗန်က တကယ်ရှိတဲ့နေရာလား သူနဲ့သူ့သမီးလေးကရော လွတ်မြောက်သွားမှာလား သူတို့ကမ္ဘာကြီးရော အရင်လိုပြန်ဖြစ်လာမလားဆိုတာကို ရင်တထိတ်နဲ့ကြည့်ရမယ့်အပြင် သားအဖကြားကနက်ရှိုင်းတဲ့သံယောဇဉ်နဲ့ သမီးအပေါ်မှာ အနစ်နာခံပေးဆပ်တတ်တဲ့ဖခင်တွေရဲ့မေတ္တာကိုပါ တွေ့မြင်ရမှာမို့

ဇာတ်လမ်းလေးကိုကြည့်ရှုခံစားပေးကြပါဦးနော်။


Mega

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201