Rush hour 1998



ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား 1998 စတင်ထွက်ရှိခဲ့တဲ့Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်..ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ကားပေါ့ဗျာ..

မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေအကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ..မေ့နေမှာဆိုးလို့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြန်ပြောလိုက်ပါမယ်….

အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်..တစ်နေ့မှာ လီ ဦးဆောင်တဲ့စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီးမှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.

ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်..တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့…တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ..

ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့်ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်..

အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေပဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်..တွဲဖက်ကတော့LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်..ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်နိုင်လှ တဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ..

ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပါ


Mega

 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201