Outlaw King 2018



ဒါရိုက်တာ David Mackenzie ရိုက်ကူးပြီး

 Chris Pine, Aaron Taylor Johnson နဲ့ Florence Pugh တို့ 

ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ ၁၄ ရာစုနှစ်က

 အင်္ဂလိပ်စစ်တပ်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ စကော့သူရဲကောင်း Robert the Bruce အကြောင်း ဖြစ်ရပ်မှန်ကို 

ပုံဖော်အသက်သွင်းထားတာ ဖြစ်ပါတယ်။

၁၃၀၄ ခုနှစ်က John Comyn နဲ့ Robert Bruce အပါအဝင်

 စကော့နယ်စားတွေဟာ အင်္ဂလန်ဘုရင် Edward I ဆီမှာ 

လက်နက်ချခဲ့ပါတယ်။ 

Edward က သူ့ကို သစ္စာခံတဲ့ နယ်စားတွေကို နယ်မြေအပိုင်ပေးပြီး Bruce ကိုလည်း သူ့ရဲ့ goddaughter Elizabeth နဲ့ 

လက်ထပ်စေခဲ့ပေမယ့် သူမုန်းတီးရန်ငြ်ုးထားတဲ့ Douglas မျိုးနွယ်ကိုတော့ နယ်မြေပြန်မပေးခဲ့ပါဘူး။ 

ဒီလိုနဲ့ ၂နှစ်ကြာလာတော့ စကော့ပြည်သူတွေ ပေးဆောင်ရတဲ့ 

အခွန်အကောက်တွေ တိုးမြင့်လာပြီး အင်္ဂလိပ်စစ်တပ်အပေါ် 

မကျေနပ်ချက်တွေ တိုးပွားလာတဲ့အတွက် Robert Bruce က

 တော်လှန်ရေးဆင်နွှဲဖို့ စီစဉ်ပါတော့တယ်။ 

ဒါပေမယ့် တစ်ခြားအာဏာပိုင် နယ်စားတစ်ယောက်ဖြစ်တဲ့

 John Comyn က သူနဲ့ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တဲ့အပြင်

 Edward ဘုရင်ဆီတိုင်တန်းဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက် Bruce က Comyn ကို ရှင်းပစ်ခဲ့ပါတယ်။ 

ဒါပေမယ့် အဲဒီ့သတင်းက ဘုရင့်နားဝ ပေါက်ကြားသွားပြီး 

Robert Bruce ကို ဝရမ်းပြေးတောပုန်းအဖြစ်

 သတ်မှတ်ကြေညာလိုက်သလို ပုန်ကန်ထကြွမှုတွေကို

 နှိမ်နင်းဖို့ ဘုရင့်သားတော် ဝေးလ်စ်မင်းသားကိုယ်တိုင် 

တပ်နဲ့ချီလာတဲ့အခါ..............................

အဆပေါင်းများစွာ အင်အားသာလွန်တဲ့ အင်ပါယာစစ်တပ်ကြီးကို Bruce ဦးဆောင်တဲ့ လက်တစ်ဆုပ်စာလူနည်းစုလေးက

ဘယ်လိုခုခံရင်ဆိုင်မလဲဆိုတာ ဇာတ်ကားလေးထဲမှာ

ဆက်လက်ကြည့်ရှု ခံစားလိုက်ရအောင်.......................

========================================

Reviewed By _ May Myat Thu

Translated By _ Wain Maung Maung Htet


Mega


Mediafire

 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201