My Hero (1990)


ဒီဇာတ်ကားကတော့ ချောင်ကိုယ်တိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါ၀င်လာတဲ့ 1990 March လထွက် ဇာတ်ကားတစ်ကားပါ။Final Justic, Just heros ‌ေတွလို Supporting Actorအ နေနဲ့ ပါ၀င်လာတာ တော့မဟုတ်ပါဘူး။
🤗
၁၉၉၀ ကာလဆိုတော့ ချောင်ရဲ့ဇာတ်ကားများစတင် ပေါက်ဖွား အစပျိုးချိန်ပေါ့။ တစ်လကို တစ်ကား နီးပါး ထွက်ရှိပြီး June လမှာထွက်ခဲ့တဲ့ All for the winner မှာတင် Box office များစွာဖြင့် ထိုးဖောက်ခဲ့ပါတော့တယ်။
1990အတွင်း ထွက်ရှိခဲ့တာတွေက...
February မှာ Love is love
March မှာ My Hero
April မှာ Lungfung Restaurant
May မှာ The Unmatchable Match နှင့်
Curry and Pepper
June မှာ Sleazy Dizzy 
July မှာ Look Out,officer!
September မှာ When Fortunes Smile
October မှာ Traid Story
December မှာ God of gamblers 2 စသဖြင့်ကားကောင်းများပေါ်ပေါက်ခဲ့ပြီး ၁၉၉၁ မှာတော့ စတီဗင်ချောင် ခေတ်ဟုခေါ်တွင်ရလောက်တဲ့ အထိရုပ်ရှင်များ တရိပ်ရိပ် ပေါ်ပေါက်ခဲ့တာ ၁၉၉၉ ထိတိုင်အောင်ပါပဲ။
________
My Heroဇာတ်ကားဟာ  Action/Dramaမျိုးပါ။ ၁၉၈၀ အ ကျော် ၌ အက်ရှင်မျိုး‌ေတွမှာသာပါ၀င်တာကိုသတိထားမိပြီး နောက်ပိုင်းမှာတော့စတီဗင်ချောင်ဟာ သူနဲ့ကိုက်ညီတဲ့ Comedyဖက် ကိုသာ ကူးပြောင်းခဲ့တာကို မြင်ရပါတယ်။
၂လအတွင်း Box office -15.15Million ရရှိထားပြီး မင်းသား Wilson Lan နဲ့ မင်းသမီး Ann Bridgewater ပါ၀င်ထားပါတယ်။Bridgewater ဟာ Curry and Pepper မှာလည်းပါ၀င်ထားတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။
_______Plot
စားသောက်ဆိုင်တစ်ခုရဲ့ စားပွဲထိုး ဖြစ်တဲ့ Sing ဟာ crime story comicတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး အလုပ်အားရင် အားသလို ဖတ်ရူနေတတ်သူပါ။Comic Story ထဲက Chun (Wilson Lan) ရဲ့ ဒီဇိုင်းကာလာအနေအထား ကိုအားကျနေသူပါ။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး Triad Leader Wai kitကို ကယ်တင်နိုင်ခဲ့ပါတယ်။ဒီလိုကနေ ဒီ Crime Storyထဲ ချောင်ပါ၀င်လာပါတော့တယ်။Wai kit ရဲ့ တပည့်ဖြစ်သူဟာ ချောင်အားကျရတဲ့ Chun ဖြစ်နေပြီး ချောင်နဲ့ Chunတို့ဟာ အလုပ်တူတူ တွဲလုပ်ရမယ့်အခြေနေကို ရောက်ရှိလာပါတော့တယ်။ဒီလိုကနေ သူလိုချင်နေတဲ့ဘ၀ဖြစ်တဲ့ စုံထောက် ဂိုဏ်းကန တွေ ၊အမှုတွဲတွေကြားထဲ လက်ထောက်အဖြစ် သူကိုယ်တိုင်ပါ၀င်ခွင့်ရခဲ့ပြီး ဘယ်လိုအရှုတ်ထုပ်တွေဖြစ်မလဲဆိုတာ ဟာသ အနည်းငယ် နှောပြီးကြည့်ရမယ့် အက်ရှင်ကားတစ်ကားပါ။



 

Comments

Popular posts from this blog

Six Flying Dragons 2015

Finding Mr. Destiny 2010

Talk Back and You're Dead 201