I 2015
သင်သာဆိုလျှင်ကော ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား...
ဒီဇာတ်ကားမှာတော့ အချစ်စစ်ကို ဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓိပ္ပါယ်ကိုပါ ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော သတ်မှတ်ထားမိပါတယ်...
(ဇာတ်လမ်းအကျဉ်း)
ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ်တွနေတဲ့ သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိူးနဲ့ အစပြုထားပါတယ်...
တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး...သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ...
ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်...
တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်...
တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန်ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်...
ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့် ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင်အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်...
ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီးသရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်...
ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ၀မ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ...
လင်ဂီချန်အတွက် ပေးဆပ်မှုတွေက ၀မ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်...
လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်...
ဒီလိုတွေ့ဆုံမှုကတော့ လင်ဂီချန်အတွက် အကြီးမားဆုံးသော အန္တရာယ်ကြီး ဖြစ်စေခဲ့ပါတယ်...
အဲဒီနောက် လင်ဂီချန်ရဲ့နေ့ရက်တွေဟာ ဘယ်လိုများဖြစ်ပေါ်စေခဲ့မလဲဆိုတာလည်း ရင်မောဖွယ် ကြည့်ရှုရမှာပါ...
အတိတ်နဲ့ပစ္စုပ္ပန်ကို တစ်လှည့်စီပြသပေးရင်း စိတ်ကိုနှိုးဆွစေခဲ့တယ်...
မိတ်ကပ်ပညာ အလွန်ကောင်းမွန်ပြီး ဇာတ်အိမ်ဖွဲ့ပုံခိုင်မာလွန်းတာကြောင့် တသသနဲ့ ကျန်ရစ်စေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်...
ဒိုင်ယာ နဲ့ လင်ဂီချန်တို့ရဲ့ အချစ်ရေးကရော မည်သို့ရှေ့ဆက်ကြမလဲ...
လင်ဂီချန်အတွက်တော့ မမြင်နိုင်တဲ့အန္တရာယ် မည်သူတွေက ဇာတ်လမ်းရဲ့အဓိက ရန်သူဖြစ်လာစေခဲ့မလဲ...
လင်ဂီချန်ရဲ့ လှည့်ကွက်ဆန် တုံ့ပြန်လက်စားချေမှုကရော ဘယ်လိုမျိုးလဲဆိုတာ စိတ်လှုပ်ရှားစွာ မြင်တွေ့ရဦးမှာပါ...
အရင်လို အခြေအနေ ပြန်ကောင်းလာခဲ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်ရင်း ခန့်မှန်းကြည့်ရှုလိုက်ကြစို့နော်။
Comments
Post a Comment