Fighter in the wind 2004

 ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေ



ဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ်
၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူး
ဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါဒီဇာတ်ကားလေးကို ဖုန်းဘေကုန်ကျမယ့်ငွေကြေးကိုဂရုမစိုက်ပဲဒေါင်းလိုက် ပါလို့ပြောပါရစေသိမ်းထားသင့်တဲ့ဇာတ်ကားလေးတစ် ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၁ကားမြောက်ဘာသာ ပြန်လေးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်


Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Six Flying Dragons 2015