Ad Astra (2019)



Ad Astra (2019)
IMDb - 6.5/10
ဘရက်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်။
ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကို ယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။
ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။
လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာ စခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။
ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။
၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ့် စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူ ဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။
ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကို သဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကို ရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။
credit :: Burmese Subtitle


 

Comments

Popular posts from this blog

Finding Mr. Destiny 2010

Samurai Cat: The Movie 2014

Six Flying Dragons 2015