Weather With You 2019

Unicode ဒီကားလေးထဲမှာ မိုးအမြဲရွာနေတဲ့ တိုကျိုမြို့ကြီးကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်အိမ်ကနေ တိုကျိုမြို့ကြီးဆီ ထွက်ပြေးလာတဲ့ မိုရီရှီမာ ဟိုဒါကာ (Morishima Hodaka) ကောင်လေးတစ်ယောက်ရယ်တိုကျိုမြို့ကြီးမှာ နေပြီး ရာသီဥတုကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့မိဘမဲ့ကောင်မလေး အာမာနိုဟီနာ(Amano Hina) တို့ကို ဒီဇာတ်လမ်းလေးထဲမှာ တွေ့ရမှာပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကနေ ဘယ်လိုထူးခြားဆန်းပြားတဲ့အဖြစ်အပျက်တွေကြုံတွေ့ရမလဲဆိုတာကိုတော့….Your Name ဆိုရင် မသိတဲ့သူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါအခု Weathering With You ကိုလည်း Your Name ကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Makato Shinkai ကပဲ ဖန်တီးတင်ဆက်ထားတယ်…နောက်ထပ်မတူကွဲပြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ခံစားရမှာအသေအချာပါပဲရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ်အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေကတော့ ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပဲဗျအခုချိန်ကလည်း မိုးတွေစရွာနေပြီဆိုတော့ မိုးရွာနေတဲ့အချိန်ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ..*နားကြပ်...